Feb 25, 2011

?

ခေါင်းစဉ်တစ်ခု မတက်ဖြစ်သရွေ့ 
ဘယ်အရာမှ တောက်ပတဲ့ ခံစားချက် မဟုတ်ဘူး
ဒီလိုနဲ့ပဲ
နူုးညံ့စွာ အတွေးကိုအဆုံးသက်လိုက်တယ်
အပြုံးကို မျက်နှာမှာ ဆင်ယင်ပါ
သစ္စာ တရား ကိုလည်တိုင် မှာချိတ်ဆွဲပါ
ဖြူစင်ခြင် ကို နှလုံးသားမှာ လွှမ်းခြုံပါ
ဘဝ ဆိုတာ ပုံစံခွက်တစ်ခု မဟုတ်သလို
အချစ်ဆိုတာ
လိုရာပုံသွင်လို့ ရတဲ့ ရုပ်သေးမဟုတ်တော့
အလင်းမဲ့နေ့ တာရှည်များ….
ထားလိုက်စမ်းပါ
မုဆိုးဖြစ်သွားတဲ့သားကောင်လိုပဲ
သိခြင်နဲ့  မသိခြင်းတွေကြား
ငါကိုယ်တိုင် ဘာမှန်းမသေချာသေးတော့
ရစရာ မရှိအောင် အပြောခံလိုက်ရတဲ့အဖြစ်
ဒဏ်ရာမြင်တိုင်း
မနက်ဖြန်ကို ခမ်းနာစေချင်တယ်
ငါ့အသက် နေမဝင်သေတဲ့ ထိပေါ့………….

1 comment:

  1. ကောင်းပါတယ် သူငယ်ချင်း ငါကတော့ အဲဒီကဗျာလေးကြိုက်တယ်

    ReplyDelete