- ကောင်မလေး-----
ငါ့မှာ ရွှေလင်ဗန်း နဲ့ ထည့်ထားတဲ့
ချောကလပ်တွေ မရှိပင်မဲ့
နုပျိုလက်ဆက်တဲ့ ခွန်အားတွေရှိတယ် ။
- ကောင်မလေး-----
ငါ့မှာ ကမ္ဘာကျော်တံဆိပ် နဲ့ 
အဝတ်စား တောင်းတွေမရှိပင်မဲ့
မေတ္တာနဲ့ လွှမ်းခြုံထားတဲ့ ဝတ်စုံဖြူတွေရှိတယ် ။
- ကောင်မလေး-----
ငါ့မှာ နံရံမြင့်မြင့် ခေါင်မိုးနီနီ နဲ့ 
ခမ်းနားထည်ဝါတဲ့တိုက်,အဆောင်အယောင်တွေ မရှိပင်မဲ့
လောက ဒဏ်ကိုကြံကြံ ခံနိုင်တဲ့ သတ္တိတွေရှိတယ် ။
- ကောင်မလေး-----
လေးနက်တဲ့ သစ္စာတရား
မေတ္တာတရား ကို လက်ကိုင်ထားပြီ
ရဲစွမ်းသတ္တိအပြည့်နဲ့  လောကဒဏ်ကိုကျော်ဖြတ်ရင်
ငါ့ ကမ္ဘာမှာတော့ ငါအောင်မြင်နေပါတယ်
No comments:
Post a Comment