Feb 25, 2011

“၀ဋ်ကြွေး”

ယုံတမ်းစကားတွေ
မင်း…ပြော….ပြော..တတ်တယ်
အပြုံးလေးနဲ့ ပြောတဲ့စကား
ဒီကောင်မှာ အယုံကြီးယုံ အရူးကြီးရူးလို့ 
အနေကြပ်တာတောင် ကျေနပ်ပေးလို့ 
အစားမှားသွားတဲ့ သူတစ်ယောက်လို
အဆိပ်သင့်မှပဲ မစားသင့်မှန်းသိတော့တယ်
ဟန်ဆောင်ကောင်းလွန်းသလို
ပုံပြောလည်းကောင်းပါရောလား
တော်ပြီပေါ့တစ်ခါဆို
ဘယ်လိုအငြိုးနဲ့ များ နှစ်ခါသင့်တာလဲ
ခံရခက်သွားတဲ့ ဒီဝေဒနာက
အသံကြားရုံနဲ့ ကြောက်လို့ နေပြီ
ဘာတွေနဲ့ ငါ့ကိုပြုစားခဲ့သလဲ
စွဲလန်းခြင်းက ငယ်ထိပ်ရောက်လို့ 
နှလုံးသားရဲ တမ်းတချက်တွေနဲ့ 
မကျင်နာသူကို မျှော်လင့်ချင်သေးတယ်
လွှဲမှားသွားခဲ့တဲ့ မနက်ဖြန်
ဘာတွေနဲ့ ပြန် တည်ဆောက်ရမလဲ  
အဓိပါယ်မဲ့သွားတဲ့ အလွမ်းများနဲ့ 
အိမ်မက်ဆိုးကို ရင်ဆိုင်ရဦးမယ်
အမှောင်ညတွေထဲ နက္ခတ်ကလွဲလို့ 
ကိုယ်ဒုက္ခ ကိုယ်ရှာသလို
အတိတ်ကို ပြန်သုံးသပ်နေမိတယ်….။။

No comments:

Post a Comment