အချစ် ဆိုတာ အလွယ်တကူဖြတ်လို့ ရတဲ့
ဆော့ ကစာနည်းတစ်ခုဆိုရင်
အချစ် နဲ့ ဆော့ကစားကြည့်ချင်တယ်
အလွမ်းဆိုတာ
ချိုမြိန်တဲ့ သစ်သီးတစ်လုံးဆိုရင်
နင့် အတွက် ထာဝရ စားသုံးနေပါရစေသား။
နာကျင်ခြင်းတွေသာ
ငါ့ ဘဝ ရဲ့ သေင်္ကေတဖြစ်မယ်ဆိုရင်
ငါ တန်ဖိုးထား နေပါရစေတော့
ထားခဲ့ခြင်ပဲ ခံနေရတဲ့လူဆီမှာ
နာကြည်းချက်တွေပဲရှိနေမယ်လို့ 
ဘယ်သူကများ တရာသေ ပြောရဲလည်း
တကယ်လို့  နင် ပေးတဲ့ အချစ် ဆိုတာ
ငါ အတွက် ဝဋ် ဖြစ်မယ်ဆိုရင်
ငါ တောင်းပန်ပါတယ်
ဒီ ဝဋ် ကမလွှတ်မြောက်ပါရစေနဲ့ …..။
No comments:
Post a Comment