Sep 5, 2011

Gtalk အများကြီး ဖွင့်လို့ ရအောင် settings ပြောင်နည်းလေးပါ

သိပြီး သူများလဲ များလောက်ပါတယ် မသိသေးသော ညီကို များအတွက်ပါ .............။

Gtalkအများကြီးပိုင်ဆိုင်ထားတဲ့သူတွေအတွက် တစ်ပြိုင်တည်းအများကြီးဖွင့်ချင်ပြီး ဖွင့်လို့မရရင် လုပ်တဲ့နည်းလေးပါ။ Windows XP အတွက်ကတော့ Desktop ပေါ်မှာရှိတဲ့ Gtalk Shortcut လေးကို Right click နှိပ်ပြီး Properties ကို ရွေးပါ။ Target မှာ "C:\Program Files\Google\Google Talk\googletalk.exe" ဆိုပြီးတော့တွေ.ရပါမယ်။ တခါတလေ \googletalk.exe\startmenu ဆိုပြီးတော့လည်း ဖြစ်နေတတ်ပါတယ်။ အဲဒါကို "C:\Program Files\Google\Google Talk\googletalk.exe" /nomutex ဆိုပြီးတော့ ပြင်ပေးလိုက်ပါ။  ပြီးရင်တော့ Ok ပေါ့။

Windows Vista နဲ့ Windows7 အတွက်ကတော့
Target မှာ "C:\Users\My document\AppData\Roaming\Google\Google Talk\googletalk.exe" ဆိုပြီးတော့ တွေ.ရတတ်ပါတယ်။ တခါတလေ \googletalk.exe\startmenu ဆိုပြီးတော့လည်း ပါတတ်ပါတယ်။ googletalk.exe နောက်က Space တစ်ချက်ခံပြီးတော့ /nomutex လို.ပြောင်းပေးလိုက်ပါ။ ပြီးရင်တော့ OK ပေါ့။ Gtalk အများကြီးပိုင်ဆိုင်ထားတဲ့ သူများ စိတ်ကြိုက်ဖွင့်လို့ ရပြီပေါ့။

No comments:

Post a Comment