လရောင်ဝေးတဲ့ အမှောင်ညတွေထဲ
ငါတစ်ယောက်တည် ရှင်သန်ရဦးမယ်
နင်နှတ်ခမ်းကထွက်တဲ့ ကျိန်စာ ကဗျာမှာ
ငါ ဟာထောင်ချောက်မိသူပေါ့။
ကြယ်စုံတဲ့ လပြည့် ညမှာ
အလိုမကျခြင်နဲ့  အိမ်မက် ခဲ့သူကငါလား
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ စုံမှတ်ဟာ
သဘောတရားနဲ့ ကိုးကားကြည့်ရင်
ပုံရိပ်စစ်ပဲဆိုတာ ဘယ်သူငြင်မှာလဲ။
နင် နဲ့ ငါကတော့…..
အယောင်ဆောင် ချစ်ခြင် နဲ ဆေရည်စိမ်အိမ်မက်တွေကြား
သံယောဇဉ်လို့  ခေါင်စဉ်တက်ပြီ
အချစ်ကို ကစားမိခဲကြပြီလား
အေးမြတဲ့လရောင်အောက်မှာ
နင် နဲ့  ငါ ပူးလောင်ခဲကြတယ် ။
အတ္တ မကင်တဲ့ချစ်ခြင် မှာ
ငါ့ ဆန္ဒ ကသိမ်းပိုက်ခြင်လို့ တော့
တဖက်သက် ခေါင်းစဉ် မတက်လိုက်နဲ့ 
အထူပါ နာမလည်တဲ့နင့်ကို
လူးရာမဝင်ပဲနဲ့  ငါ မခေါ်ရက်ဘူး ။။။။။
No comments:
Post a Comment